ပဉ္စမအကြိမ် အဝေးရောက်မြန်မာလူငယ်များအလှူအား ၁၃.၀၁.၂၀၁၃ ရက်နေတွင် ရွှေတောင်တိုက်သစ် ဘုန်းတော်ကြီးပညာသင်ရေးကျောင်းသို့ စာအုပ်စာတန်းအလှူဒါနပြုလုပ်ခြင်း၊ အဟာရအလှူအဖြစ် မုန့်ဟင်းခါးကြွေးခြင်းနှင့် ဆေးဝါးအလှူဒါနများအားပြုလုပ်ခဲ့ပါသည်။ အလှူရှင်များ နှင့် အွန်လိုင်းပေါ်မှ သူငယ်ချင်းများ ဖြင့်သာဓုခေါ်နိုင်စေရန်အတွက် မျှဝေးပေးလိုက်ပါသည်။ရန်ကုန်အဖွဲ့မှ ညီအကိုမောင်နှမများအားလုံးကိုလဲ အဖွဲ့ဝင်များအားလုံးမှ ကျေးဇူးတင်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။ ရွှေတောင်ကျောင်းတိုက်တွင် ရဟန်း၊ သာမဏေ၊ ကျောင်းသား ကျောင်းသူစုစုပေါင်း ၂၆၇ ယောက် ပညာသင်ကြားလျှက်ရှိပါသည်။ အမြို့မြို့ အနယ်နယ်မှ လူမှု့ရေးအဖွဲ့အစည်းများအနေဖြင့်လဲသွားရောက်လှူဒါန်းမှု့အားပြုလုပ်နိုင်စေရန်အတွပ် ကျောင်းလိပ်စာနှင့်ဖုန်းနံပါတ်အားတပါတည်းတင်ပြပေးလိုက်ပါသည်။
ရွှေတောင်တိုက်သစ်
ဘုန်းတော်ကြီးပညာသင်ရေးကျောင်း
သီရိခေမာရပ်ကွက်၊ ဗားကရာတိုက်၊ စမ်းချောင်းမြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး။
တာဝန်ခံဆရာတော်
ဦးအာစာရ
Thanks for sharing. Your post is a usuefl contribution.
အစ်ကိုတို့ အစ်မတို့ကို အားလည်းကျတယ် သာဓုလည်းခေါ်ပါတယ်နော်
နောက်နောင်လည်း ဒီထက်မက လှူနိုင်တန်းနိုင်ပါစေနော်
မြန်မာနိုင်ငံအတွက်တော့အစ်ကိုတို့အစ်မတို့က စံပြပါပဲ